သာကေတ ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များအား (၇.၁.၂၀၂၆) ရက်နေ့ (၉) အချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညွန့်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ မြေပြင်ကွင်းဆင်း၍ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် မီးသတ်ဆေးဘူးများ ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါကြောင်း သိရှိရသည်။
သဲထက်ဇင် (ပြန်/ဆက်)