ကျေးသီး ဇန်နဝါရီလ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ (၈)ရက် နံနက်(၁၀)နာရီက ကျေးသီးမြို့၊ အခြေခံပညာမူလတန်းကျောင်း(မူလွန်)လုံပု၌ ပြည်ထောင်စုနေ့(အကြို) အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး)ဒေါ်စန်းစန်းယဉ်က ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကိုဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်တွင်အချိန်ကိုအကျိုးရှိစွာ အသုံးပြုရေး၊ ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရေးတို့ကို ဟောပြောခဲ့ပါသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူကျော/င်းသားများ လေ့လာနိုင်ရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးအလုပ်သမားကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးနံရံကပ်စာစောင်များ၊ ရသစာအုပ်စာစောင်တို့ကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)