ကျေးသီး ဇန်နဝါရီ ၉
ကျေးသီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(တတိယပိုင်း) အောင်မြင်စွာကျင်းပနိုင်ရေး ဟောပြောပွဲအား ယနေ့ နံနက် ၉ နာရီခွဲက ကျေးသီးမြို့နယ်၊ မြို့နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မိုင်းရှူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကျေးသီးမြို့နယ်အတွင်းရှိ မဲပေးပိုင်ခွင့်ရှိသူများမှ ရာနှုန်းပြည့်မဲပေးနိုင်ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှ ၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံး မဲရုံများသို့ လာရောက်၍ ဆန္ဒမဲပေးနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများမှ ကြိုတင်၍ ဆော်ဩခြင်းများ၊ မဲစာရင်းတုံကင်ပြားများ ကြိုတင်ဝေငှထားကြရန် မှာကြား၍ မဲပေးပုံအဆင့်ဆင့်၊ မဲဆန္ဒရှင်တစ်ဦး၏အခွင့်အရေး၊ မဲဆန္ဒရှင်တစ်ဦး၏တာဝန်အား ဗီဒီယိုကလစ်ဖြင့်ပြသ၍ မြန်မာ/ရှမ်း/လားဟူဘာသာတို့ဖြင့် ရေးသားထားသော “ဒို့အတူမဲပေးကြမယ်” လက်ကမ်းစာစောင်များအား တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ဝင်များအား မိုင်းရှူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့် အဖွဲ့ဝင်များမှ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)