ပုဇွန်တောင်မြို့နယ်တွင် MEVM မဲပေးစက်ဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာများအား မဲရုံမှူးများ၊ ဒုမဲရုံမှူးများ၊ MEVM စက်ကိုင်များအား အသိပညာပေးရှင်းလင်းပွဲ အခမ်းအနားကျင်းပ

ပုဇွန်တောင် ဇန်နဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ MEVM မဲပေးစက်ဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာများအား မဲရုံမှူးများ၊ ဒု-မဲရုံမှူးများ၊ MEVM စက်ကိုင်များအား အသိပညာပေးရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အမှတ် (၁၀) ရပ်ကွက်၊ မြို့နယ်ပညာရေးမှူးရုံး၊ တေဇခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်မှ အမှာစကားပြောကြားခဲ့ပြီး MEVM မဲပေးစက်ဆိုင်ရာ ထုတ်လုပ်သည့်ဌာနမှ နည်းပညာအထောက်အကူပြုဒေါက်တာ ဝေယံလွင်မှ MEVM မဲပေးစက်နည်းပညာပိုင်းဆိုင်ရာများအား ရှင်းလင်းခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဒေါ်သန္တာသိမ့်မှ မဲရုံများတွင် ထမ်းဆောင်ရမည့် တာဝန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာသူများမှ သိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့၀င်များ၊ MEVM သင်တန်းနည်းပြများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်သန်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်ကော်မရှင်အတွင်းရေးမှူးများ၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၀) ရပ်ကွက်ရှိ မဲရုံ (၂၁) ရုံတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူးများ၊ ဒု-မဲရုံမှူးများ၊ MEVM စက်ကိုင်များ တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ အအေးဘူးများ ဝေငှတိုက်ကျွေးခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်