ဟင်္သာတမြို့နယ်တွင် လူရည်ချွန်ရွေးချယ်ရေးလုပ်ငန်း ခရိုင်အဆင့်(ဗဟိုဆင့်) စည်းကမ်းချက်များ ရှင်းလင်းပွဲပြုလုပ်

ဟင်္သာတ ဇန်နဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်အဆင့် လူရည်ချွန် ရွေးချယ်ရေး လုပ်ငန်းစည်းကမ်းချက်များရှင်းလင်းပွဲကို ယနေ့နေ့လည် ၁ နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် ပညာရေးမှူးဒေါ်စန်းယုမော်က ခရိုင်အဆင့်(ဗဟိုဆင့်) လူရည်ချွန်ရွေးချယ်ရေး စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ခရိုင်အဆင့်(ဗဟိုဆင့်) လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယ ကြံ့ခိုင်မှုနှင့် ယုံကြည်မှု စစ်ဆေးခြင်းအတွက် Video Clip အားဖွင့်လှစ်ပြသခဲ့သည်။ ဆက်လက်၍ ကိုယ်ကာယ ကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းအတွက် လိုက်နာရမည့် စည်းကမ်းချက်များအား ရွေးချယ်ရေးအဖွဲ့ကိုယ်စား တာဝန်ရှိသူများမှ လက်တွေ့သရုပ်ပြသခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများ၊ တက်ရောက်လာသော မိဘများကမရှင်းလင်းသည်များကို မေးမြန်းခဲ့ရာ ခရိုင်ပညာရေးမှူးဆရာမကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင်ပညာရေးမှူး ဒေါ်စန်းယုမော်နှင့် လူရည်ချွန်ရွေးချယ်ရေး အဖွဲ့တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်ရွေးချယ်ခံမည့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ တက်ရောက်ခဲ့ကြောင်း သိရပါသည်။

ခရိုင်/ပြန်ဆက်(ဟင်္သာတ)