ကျောက်ပန်းတောင်းမြို့၌ မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများ ဆက်လက်ထုတ်ပေးလျက်ရှိ

ကျောက်ပန်းတောင်း ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒသကြီး ကျောက်ပန်တောင်းမြို့နယ်၌ ဇန်နဝါရီ ၁၁ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး၌ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ မဲရုံများတွင် အသုံပြုရန်အတွက် MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၂ နာရီက အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း) ရှိ WORKSHOP အဆောက်အအုံတွင် ဆက်လက်ထုတ်ပေးလျက်ရှိသည်။

ညောင်ဦးခရိုင် ရွေးကောက်ပွဲအရာရှိ ဦးနေမျိုးဝင်း၊ ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရန်မျိုးနိုင်နှင့် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဇင်မောင်တို့၏ ကြီးကြပ်မှုဖြင့် မြို့ပေါ် ၁၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၊ ကျေးရွာများသို့  မဲပေးစက်နှင့်မဲရုံသုံးပစ္စည်းများကို ထုတ်ပေးလျက်ရှိရာ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ကျောက်ပန်းတောင်း)၊ အခြေခံပညာအထက်တန်းကျောင်း(မြို့ရှေ့)၊ အမှတ်(၁)၊အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂)၊အခြေခံပညာ အထက်တန်းကျောင်းများသို့ မဲပေးစက်များစနစ်တကျပို့ဆောင်မည့် မော်တော်ယာဉ်များအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ကော်မတီဝင်များ၊ ကျောက်ပန်း တောင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့်မြို့နယ် ကော်မတီဝင်များ ကြည့်ရှုအားပေးသည်။ အဆိုပါ မဲရုံသုံးပစ္စည်းများ ဇန်နဝါရီ ၁၀ ရက်အထိ ကျန်ရှိမဲရုံများကို ဆက်လက်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

ဒီပါလင်း