ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် မြို့နယ်အတွင်းရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ခန့်အပ်လွှာပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်မောင်သာက အမှာစကားပြောကြားပြီး၊ အတွင်းရေးမှူး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးနိုင်လင်းကိုကိုက မဲရုံအဖွဲ့ဝင်များအား ခန့်အပ်လွှာပေးအပ်ခြင်းနှင့် စပ်လျဥ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပရာတွင် မြို့နယ်အတွင်းရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ ခန့်အပ်လွှာများကို သက်ဆိုင်ရာမဲရုံအလိုက် မဲရုံမှူးများ လက်ဝယ်သို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)