ကိုကိုးကျွန်းမြို့နယ်တွင် မဲရုံများ ကြည့်ရှုစစ်ဆေးခြင်း ပြုလုပ်

ကိုကိုးကျွန်း ဇန်နဝါရီ ၁၀

ကိုကိုးကျွန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ ခင်းကျင်းပြင်ဆင်ထားရှိမှုအား ယမန်နေ့ နေ့လယ် (၂) နာရီအချိန်တွင် သန်လျင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းမှ မဲရုံများပြင်ဆင်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ သန်လျင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းမှ မဲရုံများပြင်ဆင်ထားရှိမှုနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီစောနှင့် တာဝန်ရှိသူများမှ ရှင်းလင်းဖြေကြားခဲ့ပြီး သန်လျင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)