ဒဂုံမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်

ဒဂုံ ဇန်နဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားရိုင်၊ ဒဂုံမြို့နယ်တွင် ဇန်နဝါရီ ၈ ရက်နေ့ နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဒဂုံမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာပြည်သူများ ခေတ္တတည်းခိုသည့် နေရာများသို့ သွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

ယာယီနေရပ်စွန့်ခွာပြည်သူများသည် ဒဂုံမြို့နယ်အတွင်းရှိ ကျောက်စိမ်းဓမ္မာရုံ၊ အင်းလေးဓမ္မာရုံနှင့် ယစ်မျိုးဓမ္မာရုံတို့တွင် ခေတ္တတည်းခိုလျက်ရှိပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အဆိုပါနေရာများသို့ သွားရောက်၍ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အသက် ၁၅ နှစ်အောက် ကလေးငယ်များ စာရင်းကောက်ယူခြင်းနှင့် အသက် ၅ နှစ်အောက် ကလေးငယ်များ စာရင်းကောက်ယူခြင်းအား ဆောင်ရွက်ခဲ့ကြပြီး ကာကွယ်ဆေးပြီးပြည့်စုံစွာ ထိုးနှံထားခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

ဉာဏ်မင်းပြည့် (ပြန်/ဆက်)