စဉ့်ကိုင်မြို့နယ်၌ ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

စဉ့်ကိုင် ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်၌ ဇန်နဝါရီ ၁၁ ရက်‌တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ နိုင်ငံသားအခွင့်အရေးဆုံးရှုံးမှုမရှိစေရေး ပြည်သူများအားလုံး ပူးပေါင်း ပါဝင်၍ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေး၊ မြို့နယ်အတွင်းမဲဆန္ဒရှင် ပြည်သူများ ရာနှုန်းပြည့် မဲပေးနိုင်ရေး ရည်ရွယ်ကာ “ဒို့အတူတူ မဲပေးကြမယ်”  အသိပညာပေး လက်ကမ်းစာစောင်များကို ဇန်နဝါရီ ၁၀ ရက် ၇ နာရီ ခွဲက  လူစည်ကားရာ‌နေရာ စဉ့်ကိုင်မြို့မ ဈေးအတွင်းအပြင် ဈေးရောင်း/ ဈေးဝယ်များ၊ ရန်နိုင်ရပ်ကွက်၊ ဗိုလ်တေဇလမ်း၊ ရန်နိုင်တံတား တစ်လျှောက် ခရီးသွားလာ ဒေသခံပြည်သူများသို့ ဖြန့်ဝေပေးခဲ့သည်။

စဉ့်ကိုင်မြို့နယ်အတွင်း၌  ရပ်ကွက်/ကျေးရွာ (၅၃)အုပ်စုတွင် လျာထားမဲရုံ ၁၁၉ ရုံတို့တွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ စုစုပေါင်းဦးရေ ၁,၁၀,၀၀၄ ဦးရှိကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)