အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနရုံး၌ MEVM အီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေး

ပုသိမ်ကြီး ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်ရှိ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနရုံး၌ MEVM အီလက်ထရောနစ် မဲပေးစက်အကြောင်း အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးချုပ်ရှိ စန္ဒကူးခန်းမတွင် ကျင်းပသည်။

ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးကျော်သီဟက ရွေးကောက်ပွဲဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယဦးစီးမှူးက MEVM မဲပေးစက်အကြောင်း အပြည့်အစုံအား ရှင်းလင်းပြောကြား၍ တက်ရောက်လာသည့် ဝန်ထမ်းများက လက်တွေ့စမ်းသပ်မဲပေးသည်။

အဆိုပါ အခမ်းအနားသို့ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန (ရုံးချုပ်) ညွှန်ကြားရေးမှူး ဦးဇာမင်းသန့်၊ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို ပြန်/ဆက်