တောင်ဥက္ကလာပမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအား ရပ်ကွက်‌‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ လာရောက်ထုတ်ယူ

တောင်ဥက္ကလာပ ဇန်နဝါရီ ၁၀

သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်၌ ဇန်နဝါရီလ (၁၁) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအား တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲရုံများသို့ ဖြန့်ဝေချထားနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်‌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ထုတ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၌ ပြုလုပ်သည်။

ထို့သို့ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအား သက်ဆိုင်ရာရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ လာရောက်ထုတ်ယူနေမှုအခြေအနေတို့အား သင်္ဃန်းကျွန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှုကာ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌအား လိုအပ်သည်များကို ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းးပေးခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)