မဟာအောင်မြေမြို့နယ်တွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားပျောက်ဆုံး၊ပျက်စီးသူများ ကွင်းဆင်းဆောင်ရွက်

မဟာအောင်မြေ ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီးသူများအား ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးဟိန်းကျော်အောင်နှင့် မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ကျော်တို့မှ မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပျောက်ဆုံး၊ ပျက်စီးသူ ၄၁ ဦး တို့အား ကွင်းဆင်းဆောင်ရွက်ပြီး လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။

အောင်ဇော်မင်း