မဟာအောင်မြေ ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)တွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် "ဒို့အတူတူမဲပေးကြမယ်" အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မနော်ရမ္မံညဈေး၊ မနော်ရမ္မံအားကစားကွင်းနှင့် လူစည်းကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးနှင့် မဟာအောင်မြေမြို့နယ် မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီနှင့် ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အောင်ဇော်မင်း