ရမည်းသင်းမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော် ကျင်းပ

ရမည်းသင်း  ဇန်နဝါရီ  ၁၀

ရမည်းသင်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဗဟိုဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ပြိုင်ပွဲများတွင်ထူးချွန်ဆုရရှိခဲ့ကြသောကျောင်းသား၊ ကျောင်းသူများနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉နာရီက ကျင်းပသည်။

ဦးစွာ Grade-10 ကျောင်းသား၊ ကျောင်းသူလေးများ၏ တေးသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်ကအမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဦးအောင်တင့်က မြတ်ဆရာပူဇော်ကန်တော့ပွဲ၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်​။

ဆက်လက်၍   တာဝန်ရှိသူများက ဆုရရှိကြသူများအား ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက အကပဒေသာများဖြင့်ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ဟိန်းပြည့်ဇော်(ခရိုင်/ ပြန်ဆက်)