ကျောက်တန်းမြို့နယ်၌ မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (fire safety certificate) (FSC) သက်တမ်းတိုးဆောင်ရွက်

ကျောက်တန်း ဇန်န၀ါရီ ၁၀

ကျောက်တန်းမြို့နယ်၊ မြန်မာ့ဆိပ်ကမ်းအာဏါပိုင်အောက်ရှိ သီလဝါဆိပ်ကမ်းဒေသ မြေကွက်အမှတ် (20/ 21) ရှိ Wilmar Myanmar Flour Mills Limited လုပ်ငန်းအား မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (Fire Safety Certificate) သက်တမ်းတိုးဆောင်ရွက်ခြင်းကို ယမန်နေ့ (၈) နာရီက ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါမီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (Fire Safety Certificate) သက်တမ်းတိုးဆောင်ရွက်ခြင်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ သတ်မှတ်ညွှန်ကြားချက် လုပ်ထုံလုပ်နည်းနှင့် ကိုက်ညီမှု ရှိ/မရှိအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းမြင့်ဦး ဦးဆောင်သောအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

နေလင်းကျော် (ပြန်/ဆက်)