ရှမ်းပြည်နယ် သံယဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က မဲပေးစက်ထုတ်ပေးမှုအခြေအနေများကို ကြည့်ရှု

ကွန်ဟိန်း ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)တွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် မဲရုံသုံးပစ္စည်းများထုတ်ပေးနေမှုကို ရှမ်းပြည်နယ် သံယဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က ယမန်နေ့ မွန်းလွဲပိုင်းတွင် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့နယ်တွင် ရပ်ကွက်(၅)ရပ်ကွက်၊ ဘကာလိမြို့တွင်ရပ်ကွက် (၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၄)အုပ်စု၊ ကျေးရွာပေါင်း(၁၃၈)ရွာ၊ မဲရုံပေါင်း(၄၇)ရုံအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြလွင်၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဗန်ကယ်မီလျာနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များတို့က မဲရုံများအတွက်ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့်  သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးစုလွှတ်တော်တို့တွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်များ၊ အရံစက်များ၊ ဆက်စပ်ပစ္စည်းများနှင့် မဲရုံသုံးပစ္စည်းများကို စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်