မိုင်းတုံမြို့နယ်အတွင်းရှိမဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေနှင့် Call Center ရုံးအဖွဲ့များ ဖွဲ့လှစ်ထားရှိမှုအခြေအ‌နေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိုင်းတုံ ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ မဲရုံများနှင့် Call Center ရုံးအဖွဲ့များပြင်ဆင်ထားရှိမှု အခြေအနေများအား ယမန်နေ့က ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်ရဲမှူး မြင့်‌အောင်နှင့် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များပူးပေါင်း၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေဦးစွာ မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်း‌ဝေးခန်းမတွင် Call Center ရုံးအဖွဲ့များပြင်ဆင်ထားရှိမှု အခြေအ‌နေကို ကြည့်ရူ့စစ်ဆေး၍ လိုအပ်သည်များမှာကြားပြီး‌နောက် မိုင်းတုံမြို့နယ်အတွင်း အပိုင်း(၂) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကျေးရွာအုပ်စု (၁၃) အုပ်စု၊ ရပ်ကွက်(၁၁)ရပ်ကွက် စုစုပေါင်း(၂၄)အုပ်စုမှ မဲရုံ(၅၈)ရုံတွင် မဲဆန္ဒရှင်ပြည်သူများရွေး ကောက်ပွဲမဲပေးခြင်းဆိုင်ရာ အသိပညာပေးဆောင်ရွက်နေမှုနှင့် မဲရုံခင်းကျင်းပြင်ဆင်ထားရှိမှု အခြေအနေအား လိုက်လံကြည့်ရှုစစ်ပြီး လိုအပ်ချက်များ ပြုပြင်ပေး၍   လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)