မိုင်းတုံ ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှစတင်၍ အပိုင်း(၂)ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ အသက်(၁၈)ပြည့်ပြီးသည့် မဲဆန္ဒရှင်ပြည်သူများမဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် ယမန်နေ့ညနေပိုင်မှစ၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်ရဲမှူးမြင့်အောင်၊ မြို့မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးအောင်အောင်ထွန်း မြို့နယ်ဥပဒေ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးရွာအရောက် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
လှည့်လည်နှိုးဆော်ရာတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှစတင်၍ အပိုင်း(၂)ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများပြည့်စုံမှန်ကန်စေရေး ပြင်ဆင်ဖြည့်စွက်စိစစ်ပြီး တတိယအကြိမ်အဖြစ် ဒီဇင်ဘာ ၂၃ ရက်မှ ဇန်နဝါရီလ ၅ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင်လည်းကောင်း၊ သက်ဆိုင်ရာ မဲရုံများတွင်လည်းကောင်း ကြေညာထားရှိပြီး အသက်(၁၈) ပြည့်ပြီးသည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိတို့၏အမည်စာရင်းအား သွားရောက်ကြည့်ရှု၍ မဲစာရင်းအမှတ်စဉ်အားမှတ်သားပြီး ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ရန် လှည့်လည်နိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)