ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် မိုင်းယောင်းမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံများအား ကြည့်ရှုစစ်ဆေး

မိုင်းယောင်း ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီးသည် ဗလမင်းထင်ခန်းမ၌ ခရိုင်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာချီလိတ်ခရိုင်နှင့် မိုင်းယောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်ရေး တွေ့ဆုံခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီးသည် အမှတ်(၄)ရပ်ကွက် မဲရုံအမှတ်(၁)၊ အမှတ်(၆)ရပ်ကွက် မဲရုံအမှတ်(၁)နှင့် ဟောင်ကြန့်ကျေးရွာအုပ်စုရှိ အ.ထ.က(စက်၊ စိုက်၊ မွေး) မဲရုံအမှတ်(၃) မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း