ကြံခင်းမြို့နယ် အ.ထ.က(ဆိပ်သာ)ကျောင်း၌ (၇၉)နှစ်မြောက် ပြည်ထောင်နေ့(အကြို) အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ကြံခင်း ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဆိပ်သာကျေးရွာရှိ အ.ထ.က၌ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့(အကြို) အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ အဆိုပါကျောင်း စာသင်ခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ အ.ထ.က(ဆိပ်သာ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာက အဖွင့်အမှာစကားပြော ကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့(အကြို) အသိပညာပေးဟောပြောခရာတွင် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း တို့အားရှင်းလင်းဟောပြောပြီး၊ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံလာစေရန် စာပေဖတ်ရှုလေ့လာတတ်သော အလေ့အထကောင်းများရရှိစေရန် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပေးခဲ့ရာ Grade-4 ကျောင်းသား၊ ကျောင်းသူများက အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပြီး၊ မူလတန်းပြဆရာမ ဒေါ်သီသီခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်၊ သဘာဝအမှိုက် အကြောင်း သိကောင်းစရာ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)