ကျိုက်လတ် ဇန်နဝါရီ ၁၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျိုက်လတ်မြို့နယ် အတွင်းရှိ မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ လိုက်လံကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် အမှတ်(၄)ရပ်ကွက်၊ ရွှေဧရာအောင်ခန်းမအတွင်း မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများ ထုတ်ယူနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အတူ ကျိုက်လတ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သူရနှင့် အဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မဲရုံတာဝန်ထမ်းဆောင်ကြမည့်ဌာနဆိုင်ရာများအား မဲရုံများစနစ်တကျ ခင်းကျင်းထားရှိရေး၊ မဲရုံအတွင်း/အပြင် သန့်ရှင်းရေးနှင့် လုံခြုံရေးတို့ကိုလည်း အလေးထား ဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု(၉၃)အုပ်စု၌ မဲရုံပေါင်း(၂၀၇)ရုံတို့ဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ်၊ဇန်နဝါရီလ(၁၁)ရက်နေ့၌ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
လှိုင်မင်းအောင်
ကျိုက်လတ်(ပြန်/ဆက်)