ဘိုကလေး ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ကျင်းပြုလုပ်မည်ဖြစ်ရာ အသက်(၁၈)နှစ်ပြည့်ပြီးသူ ပြည်သူတစ်ရပ်လုံးပါဝင်မဲပေးနိုင်ရေး လှုံဆော်သည့်အနေဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီခွဲအချိန်၌ “ဒို့အတူတူ မဲပေးကြမယ်” လှုံ့ဆော်လက်ကမ်းစာစောင်အား မြို့နယ်တွင်းရှိ လူစည်ကားရာအရပ်များတွင် ဖြန့်ဝေခဲ့ကြသည်။
ဖြန့်ဝေရာတွင် အမှတ်(၁၈)လမ်းဈေးပတ်ဝန်းကျင်၊ မော်တော်ယာဉ်ဂိတ်နှင့် အနှေးယာဉ်ဂိတ်များ၊ အမှတ်(၁၈)လမ်းတစ်လျှောက်စသည့် လူစည်ကားရာ အရပ်များတွင် လှုံ့ဆော်လှုပ်ရှား ဖြန့်ဝေပေးခဲ့ကြပြီး ရွေးကောက်ပွဲတွင် အားလုံးပါဝင်မဲပေးနိုင်ရေး လှုံ့ဆော်ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)