မိုးနဲမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး ဆွေးနွေး

မိုးနဲ ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး ဆွေးနွေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲဝင်များ တက်ရောက်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ကောင်‌‌မရှင်အဖွဲ့ခွဲဝင်များ သတ်မှတ်မဲရုံအလိုက် လုပ်ငန်းတာဝန်များထမ်း‌ဆောင်နိုင်‌ရေး၊ မဲရုံများပြင်ဆင်မှုတွင်အခက်အခဲမရှိစေရေး၊ မဲရုံများလက်‌တွေ့သရုပ်ပြမှုများ‌ဆောင်ရွက်ထားရန်၊ မဲရုံမှူး/ဒု-မဲရုံမှူးများ မဲဆန္ဒရှင်စာရင်း အ‌‌ရေအတွက်များသိရှိထားရန်၊ မဲဆန္ဒရှင်များ မဲရုံသို့ မဲလာရာက်ပေးနိုင်ရေး စီစဉ်ထားရန်၊ ဖုန်းလိုင်းမရသောကျေးရွာများ ဆက်သွယ်ရးအဆင်ပြေစေရေး ကြိုတင်ပြင်ဆင်ထားနိုင်ရေးနှင့် လိုအပ်သောအုပ်ချုပ်၊ ထောက်ပံ့မှုများကို အလေးထားဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိနှင့် တက်ရောက်လာကြသူများက လုပ်ငန်းများဆောင်ရွက်ထားရှိမှုများကိုတင်ပြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)