ရေကြည်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရေကြည် ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် ယနေ့နံနက်(၉)နာရီအချိန်ကပုသိမ်-မုံရွာ ကားလမ်းမ ပိတောက်ချောင်လမ်းဆုံ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့မြို့နယ် စည်ပင်သာယာရေးကော်မတီပိုင် မြို့မဈေးရှေ့နှင့် လူစည်ကားသည့် နေရာများဖြစ်သည့် လမ်းဆုံလမ်းခွကျောင်းလမ်းထိပ်တို့တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး ယာဉ်စည်းကမ်းလမ်းစည်းလိုက်နာစေရေးအတွက် မော်တော်ဆိုင်ကယ်စီးသူများအနေဖြင့် ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ရမည်၊ လိုင်စင်မဲ့ယာဥ်များ စီးနင်းသွားလာမှု မရှိစေရေး၊ ရှေ့မီးကြီး၊ အချက်ပြမီး၊ ဘရိတ်မီး ကောင်းမွန်ရမည်၊ မူးယစ်သောက်စား၍ မမောင်းရ/ မစီးရ၊ နောက်ကြည့်မှန် စုံလင်စွာပါရှိရမည်၊ ယာဉ်မောင်းလိုင်စင်ယူဆောင်ခြင်း ရှိ၊ မရှိနှင့် မတော်တဆမှုများ မဖြစ်ပေါ်စေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အထူးအလေးအနက်ထား လိုက်နာစေရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းစေရေး အသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အများပြည်သူသွားလာရာတွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် အသိပညာပေး ဟောပြောခဲ့ပြီးယဉ်မောင်းသူများလိုက်နာရန် အချက်များ၊ လမ်းဖြတ်ကူးပါက ကြည့်ရှုရမည့် အချက်များ၊ ယာဉ်တိုက်မှုဖြစ်လျှင် ဆောင်ရွက်ရမည့် အချက်များ၊ မတော်ဆိုင်ကယ်မတော်တဆမှုနှင့် ပျောက်ဆုံးမှု လုံးဝမရှိအောင်ကာကွယ်ကြစို့ စသည့်အကြောင်းအရာများပါဝင်သော ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ အသိပညာပေး လက်ကမ်းစာစောင် အစောင်ရေ(၄၀၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)