ကျုံပျော် ဇန်နဝါရီ ၁၀
ကလေးများ၏ ကာယ၊ ဉာဏ စွမ်းရည်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ အထောင်မြို့ မူလတန်းကြိုကျောင်း၏ ကျောင်းတွင်း ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို အဆိုပါကျောင်း၌ ယမန်နေ့က ကျင်းပပြုလုပ်သည်။
ဦးစွာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝေဝေလွင်က ဌာန၏ လုပ်ငန်းဆောင်ရွက်ပေးနေမှုကိစ္စများ၊ ကလေးများအတွက် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။
ထို့နောက် မူကြိုကလေးငယ်လေးများက ကာယစွမ်းရည်ပြိုင်ပွဲများအား အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ တာဝန်ရှိသူများက ပါ၀င်ယှဥ်ပြိုင်ကစားခဲ့ကြသည့် မူကြိုကလေးငယ်များအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း၊ အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများ၊ အထောင်မူကြို ကျောင်းအုပ်ကြီးနှင့် ၀န်ထမ်းများ၊ ကျောင်းသားမိဘများ၊ မူကြိုကလေးငယ်များ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)