ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ရွေးကောက်ပွဲအပိုင်း(၂)ကျင်းပမည့် မောက်မယ်မြို့နယ်အတွင်း တာဝန်ရှိသူများနှင့် တွေ့ဆုံ

မောက်မယ် ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကြီးမှူးကျင်းပည့် အပိုင်း(၂) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်သွား မည်ဖြစ်သည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က ယမန်နေ့နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်မံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ခရိုင်အဆင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ မဲရုံမှူးများနှင့် ဒုတိယမဲရုံမှူးများတွေ့ဆုံပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား အသီးသီးရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ဝန်ကြီးကလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ခရိုင်မံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ခရိုင်အဆင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိတို့က မောက်မယ်မြို့နယ်အတွင်းရှိ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဇန်နဝါရီလ (၁၁)ရက်နေ့တွင် အပိုင်း(၂)ကျင်းပမည့် စျေးတန်းရပ်ကွက်၊  မွေတော်ရပ်ကွက်၊ ဆီဆုံရပ်ကွက်၊ တောင်မြို့ရပ်ကွက်၊ ကုန်းလမ်းရပ်ကွက်ရှိ မဲရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များမှာကြား၍ ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်တွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စများအား သက်ဆိုင်ရာတာဝန်ရှိသူများထံ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။     စိုင်းမျိုးသန့်(မောက်မယ်)