မော်လမြိုင်ကျွန်း ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို မဟာဆောင်ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားကို အ.ထ.က(၁)မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ သူလေးများက "စုံညီပွဲတော်တို့နွှဲပျော်" သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်မှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးမင်းမင်းထွန်းက ပညာရေးစုံညီပွဲတော်ကျင်းပရ ခြင်းနှင့်ပက်သတ်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အ.ထ.က (၁)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်က ဆုချီးမြှင့်မှုအခြေအနေနှင့် ရှေ့လုပ်ငန်းစဥ်များရှင်း လင်းတင်ပြခဲ့ပြီးနောက် အ.ထ.က(၁)ကျောင်းမှ ကျောင်းသူလေးများမှ "လက်ခတ်သံ" သီချင်းဖြင့် ကပြဖျော်ဖြေပေးခဲ့သည်။ ဆက်လက်၍ လူရည်ချွန်ဆုရရှိသော ကျောင်းသား/ သူများ၊ တိုင်းအဆင့်ဘောလုံးပြိုင်ပွဲတွင် ဆုရသောသူများ၊ တိုင်းအဆင့်ဂီတပြိုင်ပွဲတွင် ဆုရသောသူများ၊ အင်္ဂလိပ်စာစွမ်းရည်၊ သင်္ချာစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ စာစီစာကုံး၊ ပန်းချီ၊ ကဗျာများတွင် ထူးချွန်ဆုရသောကျောင်းသား/ သူများ၊ ပတ်လည် ထူးချွန်ဆုရရှိသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဦးမင်းမင်းထွန်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်သူတို့က ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူလေးများက "လောကအားမာန်"၊ "အဖြူရောင်သံစဥ်"၊ "ကရင်ဒုံးယိမ်း"၊ "အလှကမ္ဘာမြေ"၊ "ပန်းကမ္ဘာမျှော်စင်"၊ "ဆိုင်းကြိုက်တဲ့မောင်" စသည့် တေးသီချင်းများဖြင့် သရုပ်ပြကပြဖျော်ဖြေခဲ့ကြကြောင်းသိရသည်။
ရဲကိုမောင် (ပြန်/ဆက်)