မဟာအောင်မြေမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ထားရှိ

‎‎မဟာအောင်မြေ ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ်အတွင်းရှိ မဲရုံများသို့သွားရောက်ကာ ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦး‌ကျော်သန်းထွန်းနှင့်အဖွဲ့ဝင်များသည် မြို့နယ်အတွင်း မဲရုံ ၇၀ ရုံရှိ တာဝန်ကျ မဲရုံမှူး၊ဒုမဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူများ၊ လုံခြဲရေးတာဝန်ကျသူများနှင့် တွေ့ဆုံ၍  မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

၂၀၂၅ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးဝင်းနှင့် အတွင်းရေးမှူး ဦးရဲမင်းလွင်တို့က မဲရုံများ ခင်းကျင်းထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

အောင်ဇော်မင်း