မိုင်းနောင် ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်အတွင်းရှိ မြို့နယ်၊ မြို့၊ ကျေးရွာများတွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ (တတိယပိုင်း)အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်မှ ညနေ ၅ နာရီ ၃၀ မိနစ်အထိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းနောင်တပ်နယ်မှူးမှ အဖွင့်အမှာစကားပြောကြားပြီး မိုင်းရှူးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမောင်မောင်လွင်က ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ ပြည်သူများအားလုံး ဆန္ဒမဲပေးနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းခဲ့သည်။ ဆက်လက်၍ ခရိုင်အဆင့်၊ မြို့နယ်အဆင့်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် ရာနှုန်းပြည့် မဲပေးနိုင်ရေး အသိပညာပေးဟောပြောခြင်း၊ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေပြေမဲပေးနိုင်ရေးအတွက် MEVM မဲပေးစက်ဖြင့် မဲပေးခြင်းသရုပ်ပြ Video Clip ပြသခြင်းများ ဆောင်ရွက်ကာ (မြန်မာ၊ ရှမ်း၊ လားဟူ)ဘာသာများဖြင့် ဖော်ပြထားသော ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် (၅၅၀) စောင်ကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုများကို မိုင်းရှူးခရိုင်အတွင်းရှိ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နှင့် ဝမ်စိမ်းကျေးရွာအုပ်စုများရှိ မြို့နယ်နှင့်မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ပြည်သူများစုစုပေါင်း (၁၅၉၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မနန်း(မိုင်းနောင်)