ဟင်္သာတ ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား အစမ်းလေ့ကျင့်မှုကို ယနေ့နံနက် ၉ နာရီအချိန်က တာငါးဆယ်တောင်ရပ်ကွက်၊ ကရင်ကျောင်းလမ်းရှိ ကွန်ပျူတာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ ဘွဲ့နှင်းသဘင် အခမ်းအနားအစမ်းလေ့ကျင့်ခြင်းအား ကွန်ပျူတာတက္ကသိုလ် ဟင်္သာတမှ ဌာနမှူး-သင်တန်းရေးရာ ဒေါ်စန်းစန်းမြတ်က ဦးဆောင်ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ဘွဲ့နှင်းသဘင် ကော်မတီ ပါမောက္ခ(ဌာနမှူး)များနှင့် ဘွဲ့ရမောင်/မယ် ကျောင်းသား/သူ (၉၅)ဦးတို့မှ တက်ရောက် လေ့ကျင့်ခဲ့ကြောင်းနှင့် ဘွဲ့ပေးအပ်မှုအား ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကွန်ပျူတာသိပ္ပံဘွဲ့လွန်ဒီပလိုမာသင်တန်း၊ ကွန်ပျူတာသိပ္ပံဘွဲ့ နှင့်ကွန်ပျူတာနည်းပညာဘွဲ့များအား အသီးသီးပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)