ကျောက်ဆည်မြို့နယ်၌ စားအုန်းဆီများ ရောင်းချပေးလျက်ရှိ

ကျောက်ဆည် ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများစားနပ်ရိက္ခာဖူလုံရေးအထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး အပတ်စဉ် စားအုန်ဆီများရောင်းချပေးလျက်ရှိရာ ကျေးရွာ ၁၈ ရွာနှင့် ရပ်ကွက် ၁ ရပ်ကွက် တို့တွင် စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၇၁၅၀ နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် ဝယ်ယူသူများအဆင်ပြေစေရေး ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းဝင် စားသုံးဆီရောင်းဝယ်ရေးဆိုင် ခုနစ်ဆိုင်မှ ပြည်သူများအား ဆီဝယ်ယူခွင့်စာအုပ် တစ်အုပ်လျှင် ဆီ(၂)ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

သက်မောင်(ကျောက်ဆည်)