ကျောက်ဆည်မြို့နယ်၌ ဆောင်းနေကြာ ၉၄၃၃ ဧက စိုက်ပျိုးထားရှိ

ကျောက်ဆည် ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း စားသုံးဆီ ဖူလုံပိုလျှံရေး ဆီထွက်သီးများ လျာထားစိုက်ပျိုးထားရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်ဆောင်းရာသီး၌ ဆောင်းနေကြာ ၉၄၃၃ ဧက  စိုက်ပျိုးထားရှိကြောင်း သိရသည်။

ဆောင်းနေကြာသီနှံများ စိုက်ပျိုးရာ၌  တိုက်နယ်(၁) ကျေးရွာအု်ပစု (၇) စု၌ ၇၇၅ ဧက၊ တိုက်နယ်(၂) ကျေးရွာအုပ်စု (၅) စု၌ ၈၉၃ ဧက၊ တိုက်နယ်(၃) ကျေးရွာအုပ်စု (၁၀)စု၌ ၇၅ ဧက၊ တိုက်နယ်(၄) ကျေးရွာအုပ်စု (၈)စု၌ ၁၂၅၅ ဧက၊ တိုက်နယ်(၅)  ကျေးရွာအုပ်စု (၁၂) စု၌ ၁၄၈ ဧက၊ တိုက်နယ်(၆) ကျေးရွာအုပ်စု (၅)စု၌ ၁၁၃၆ ဧက၊ တိုက်နယ်(၇) ကျေးရွာအုပ်စု (၁၀)စု၌ ၇၃၅ ဧက၊ တိုက်နယ်(၈) ကျေးရွာအုပ်စု (၈)စု၌ ၁၈၆၆ ဧက၊ တိုက်နယ်(၉) ကျေးရွာအုပ်စု (၅) စု၌ ၄၀၃ ဧက၊ တိုက်နယ်(၁၀) ကျေးရွာအုပ်စု (၆) စု၌ ၈၄၂ ဧက၊ တိုက်နယ်(၁၁) ကျေးရွာအုပ်စု (၆)စု၌ ၅၈၈ ဧက၊ တိုက်နယ်(၁၂) ကျေးရွာအုပ်စု(၆)စု၌ ၇၁၇ ဧက စုစုပေါင်း ၉၄၃၃ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ဆောင်းနေကြာသီးနှံများ စိုက်ရာတွင် မိရိုးဖလာ ပက်ကြဲစိုက်နည်း၊ သိပ္ပံနည်းကျ ပင်ကြား၊ တန်းကြားအကွာအဝေးမှန် တန်းဆွဲစိုက်နည်းစသည့်စိုက်ပျိုးနည်းများဖြင့်  စိုက်ပျိုးကြကြောင်း၊ တစ်ဧကအတွက် နေကြာမျိုးစေ့(၅)ပြည်ခန့် အသုံးပြုရပြီး သိပ္ပံနည်းကျစိုက်နည်းစနစ်ဖြင့် စိုက်ပျိုးပါက မျိုးစေ့(၃)ပြည်ကျော် အသုံးပြုရကြောင်း၊ သိပ္ပံနည်းကျစိုက်ျပျိုးခြင်းသည် မိရိုဖလာစိုက်ပျိုးခြင်းထက် အထွက်နှုန်းပိုသောကြောင့် နေကြာစိုက်တောင်သူများအနေဖြင့် သိပ္ပံနည်းကျစိုက်နည်းစနစ်ဖြင့် ပိုမိုစိုက်ပျိုးလာကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  သိရသည်။  

သက်မောင်‌( ကျောက်ဆည်)