ကြံခင်း ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက်၊ အခြေခံပညာ မူလတန်းကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး KG ကျောင်သား၊ ကျောင်းသူများအား ကျောင်းတွင်းအဟာရ ကျွေးမွေးကြသည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန မြို့နယ်သူနာပြုအဆင့်(၁) ဦးအေးနိုင်၊ အမျိုးသမီးကျန်းမာရေးဆရာမနှင့် ဘက်စုံသားဖွား ဆရာမများက KG ကျောင်သား၊ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေး သန့်လေးသန့်ဖြင့် စနစ်တကျလက်ဆေးနည်း၊ သွားနှင့်ခံတွင်း ကျန်းမာစေရေး စနစ်တကျသွားတိုက်နည်းများကို သင်ကြားပြသပေးကြသည်။ ထို့နောက် KG ကျောင်သား၊ ကျောင်းသူများအား ကျန်းမာရေးနှင့်ညီညွတ်စေသည့် ထမင်း၊ ကြက်သားဟင်း၊ ချဉ်ဟင်းနှင့် ဖြည့်စွက်အစာ ငှက်ပျောသီးတို့ကို ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့်ပူးပေါင်းကာ ကျွေးမွေးပေးခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)