ဘိုကလေးမြို့နယ်တွင် မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေအား တာဝန်ရှိသူများ လှည့်လည် ကြည့်ရှုအားပေး

ဘိုကလေး ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဇန်နဝါရီလ(၁၁)ရက်နေ့၌ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား မဲရုံ(၂၆၅)ရုံဖြင့် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ရွေးကောက်ပွဲကျင်းပရန် မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေများကို ယနေ့ နံနက်(၁၀)နာရီအချိန်မှစတင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များက လှည့်လည်ကြည့်ရှုူအားပေးခဲ့သည်။

လှည့်လည် ကြည့်ရှုူအားပေးရာတွင် ဘိုကလေးမြို့ပေါ်ရပ်ကွက်များရှိ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများ၊ မဲပေးစက်များ တပ်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးခြင်းဖြစ်ပြီး ရွေးကောက်ပွဲအား အချိန်ကြန့်ကြာမှုမရှိစေဘဲ လွယ်ကူအောင်မြင်စွာ ကျင်းပနိုင်ရေး လိုအပ်သည့် လမ်းညွှန်မှုများကို သက်ဆိုင်ရာ မဲရုံတာဝန်ရှိသူများထံ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)