လှိုင်သာယာ(အနောက်ပိုင်း) ဩဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်၌ မိုးရာသီ သစ်ပင်များစိုက်ပျိုးရန်အတွက် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းဆောင်ရွက်ခြင်းကို ယမန်နေ့ ၁၀နာရီကစ၍ လှိုင်သာယာ မြို့နယ် သုံးထပ်သာသနာ့ ဗိမာန်တော်ကြီးတွင် မြို့နယ် ကြက်ခြေနီ တပ်သူနာပြု တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများစုပေါင်း၍ ဆောင်ရွက်သည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း စိမ်းလန်းသာယာလှပစေရန်နှင့် သန့်ရှင်းသော လေကောင်း လေသန့်ရရှိစေရန်အတွက် လှိုင်သာယာမြို့နယ် သုံးထပ် သာသနာ့ ဗိမာန်တော်ကြီး ရှေ့တွင် ပရဟိတ အဖွဲ့များနှင့် စုပေါင်း၍ မိုးရာသီကာလ သစ်ပင်များ စိုက်ပျိုးရန်အတွက် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရှိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)