ကျိုက်လတ် ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ယနေ့နံနက် (၆)နာရီအချိန်မှ စတင်ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများက မဲရုံအသီးသီးတွင် ဆန္ဒမဲများ စတင်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကျင်းပရာ၌ ကျိုက်လတ်မြို့နယ်ရှိ မဲရုံအသီးသီး၌ မဲရုံမှူးများက နံနက် ၆ နာရီအချိန်မှစတင်ကာ မဲရုံများဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံပြည်သူများက မဲရုံများ စတင်ဖွင့်လှစ်သည့်အချိန်မှစ၍ ရွေးကောက်ပွဲစည်းမျဥ်း ဥပဒေများအတိုင်းလိုက်နာကာ ဆန္ဒမဲများ ပေးခဲ့ကြသည်။
အဆိုပါ ဆန္ဒမဲရလဒ်များအား ကျိုက်လတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကြီးကြပ်၍ မြို့ပေါ်ရပ်ကွက်များမှ ဆန္ဒမဲရလဒ်များနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံမှ ဆန္ဒမဲရလဒ်များ စုပေါင်းကာ မဲစာရင်းရလဒ်များကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။
ကျိုက်လတ်မြို့နယ်တွင် ရပ်ကွက် (၆) ရပ်ကွက်၊ ကျေးရွာအုပ်စု (၉၃)အုပ်စုတွင် မဲရုံပေါင်း (၂၀၇)ရုံမှ မဲဆန္ဒရှင်ပြည်သူ (၁၄၀၉၆၀)ဦးရှိကြောင်းနှင့် ပြည်သူများက အေးချမ်းတည်ငြိမ်စွာဖြင့် ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။
လှိုင်မင်းအောင်