တန့်ယန်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ စတင်ဆန္ဒမဲပေး

တန့်ယန်း ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)အား ယနေ့နံနက် ၆ နာရီမှစတင်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စု မဲရုံအသီးသီးတို့၌ မဲဆန္ဒရှင်ပြည်သူများ စတင်ဆန္ဒမဲပေးနေပြီဖြစ်ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု မဲရုံစုစုပေါင်း (၆၇)ရုံရှိကာ မဲဆန္ဒရှင်ပြည်သူစုစုပေါင်း (၈၅၀၅၉)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။                               

မင်းလွင်ဦး(တန့်ယန်း)