ဖျာပုံ ဇန်ဝါရီ ၁၁
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့ ဇန်နဝါရီ (၁၁)ရက်၊ နံနက်(၆)နာရီတွင် စတင်ကျင်းပလျက်ရှိရာ ဖျာပုံမြို့နယ်အတွင်းရှိမဲရုံများ၌ မဲဆန္ဒရှင် ပြည်သူများက လွတ်လပ်စွာ စနစ်တကျဆန္ဒမဲပေး လာရောက်ပေးလျက် ရှိကြောင်းသိရသည်။
ရှေးဦးစွာ မဲရုံမဖွင့်လှစ်မီ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံတာဝန်ရှိသူများက လွှတ်တော်တစ်ရပ်စီ အတွက် ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည်တို့ပါဝင်သော မြန်မာအီလက် ထရောနစ် မဲပေးစက် (MEV)များ စနစ်တကျတပ်ဆင် စမ်းသပ်၍ နံနက်(၆)နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ကြောင်းကြေငြာကာမဲရုံအား ဖွင့်လှစ်ပေးပြီး မဲဆန္ဒရှင် ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများ၌ ဆန္ဒမဲများ ပေးလျက်ရှိသည်။
ဖျာပုံမြို့နယ်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂)တွင်ပါဝင်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၅)အုပ်စု၌ မဲရုံပေါင်း(၁၇၇)ရုံအား ဆန္ဒမဲပေးရန် ဆောင်ရွက် ထားပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၂၀၀၉၉၉)ဦးရှိကြောင်း သိရှိရသည်။
ဖျာပုံခရိုင်(ပြန်/ဆက်)