၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အား လှိုင်မြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးလျက်ရှိ

လှိုင် ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက် (၆) နာရီမှစတင်၍ ကျင်းပလျက်ရှိရာ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အေးချမ်းစွာဆန္ဒမဲပေးလျက်ရှိကြောင်း သိရ သည်။

မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက လွှတ်တော်တစ်ရပ်စီအတွက် ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးစက်ဖော်ပြသည့်စက်တို့ပါဝင်သော အီလက်ထရောနစ်မဲပေးစက်တို့ကို စနစ်တကျတပ်ဆင်ကာ နံနက်(၆)နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် မဲပေးစက်ဆန္ဒမဲပေးခန်းများ၌ လွတ်လပ်စွာ မိမိဆန္ဒပြုသည့်ကိုယ်စားလှယ်အားလွတ်လပ်စွာမဲထည့်ခဲ့ကြောင်းသိရသည်။

လှိုင်မြို့နယ်အနေဖြင့် ရပ်ကွက်(၁၆)ရပ်ကွက်ရှိရာတွင် မဲရုံပေါင်း(၆၈)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများက ဆန္ဒမဲပေးခြင်းကို ရပ်ကွက်အလိုက်သတ်မှတ်မဲရုံများတွင် အေးချမ်းလုံခြုံစွာ ဆန္ဒမဲပေးလျက်ရှိကြသည်။

ဇော်ဇော်နိုင်(ပြန်/ဆက်)