မောက်မယ်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများက လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာ ဆန္ဒမဲပေး

မောက်မယ် ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြီးမှူးကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ယနေ့နံနက် နာရီကစတင်ကာ မြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ မဲရုံမှူးက မဲရုံဖွင့်လှစ်ကြောင်းကြေညာပြီး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများက လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာသက်ဆိုင်ရာမဲရုံများ၌ ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။

မောက်မယ်မြို့နယ်တွင်(၇)ရပ်ကွက်(၈)အုပ်စုရှိ မဲရုံများ(၃၃)ရုံမှ မဲဆန္ဒရှင်ပြည်သူများ(၂၂၉၇၇)ဦးရှိပြီး လွှတ်တော်(၃)ရပ်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း(၁၄)ဦးနှင့် တိုင်းရင်းသားလွှတ်တော်အလိုက် ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အဆိုပါမဲဆန္ဒရှင်ပြည်သူများအနေဖြင့် မနက်စောစော မဲရုံမဖွင့်မီအချိန်ကတည်းကပင် သတ်မှတ်မဲရုံအသီးသီးသို့ စိတ်ဝင်တစားလာရောက် စောင့်ဆိုင်းကာ မဲရုံဖွင့်လှစ်သည်နှင့် စနစ်တကျတန်းစီစောင့်ဆိုင်းပြီး ဆန္ဒမဲပေးခဲ့ကြသည်။

ထိုသို့ဆန္ဒမဲပေးရာတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့်မဲရုံဝန်ထမ်းများသည် သက်ဆိုင်ရာပါတီ ကိုယ်စားလှယ်လောင်းများ၊ စောင့်ကြည့်သူများနှင့် သက်ဆိုင်ရာခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် တာဝန်ရှိသူများက မဲပေးကြသည့်မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရေး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                 

စိုင်းမျိုးသန့်(မောက်မယ်)