ကော့မှူးမြို့နယ်အတွင်းရှိ မဲရုံများတွင် ပြည်သူများ ဆန္ဒမဲပေးလျက်ရှိ

ကော့မှူး ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာမဲရုံများတွင် ယနေ့နံနက် ၆ နာရီက စတင်၍ မဲရုံများစတင်ဖွင့်လှစ်ခဲ့ပြီး မဲရုံများတွင် ဆန္ဒမဲပေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ကော့မှူးမြို့နယ်အတွင်း ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၅) အုပ်စုတွင် တတိယအကြိမ် ကပ်ထားကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများအရ မဲပေးပိုင်ခွင့်ရှိသူ (၁၀၂၅၂၁) ဦးရှိပြီး မဲရုံ(၁၂၀)ရုံရှိကြောင်း သိရသည်။

အဆိုပါ ရွေးကောက်ပွဲတွင် ပါတီ(၁၁)ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း (၃၁)ဦး ပါဝင်ယှဥ်ပြိုင်ကြပြီး မဲဆန္ဒရှင်ပြည်သူများက မိမိတို့ကြိုက်နှစ်သက်သည့် ပါတီအားလွတ်လပ်စွာ ဆန္ဒမဲပေးလျက်ရှိရာ မဲရုံများတွင်လည်း မဲရုံမှူးနှင့်အဖွဲ့ဝင်များက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လမ်းညွှန်မှုများနှင့်အညီ စနစ်တကျဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ကျော်သူရ