ဆီဆိုင် ဇန်နဝါရီ ၁၁
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပသည့် ဆီဆိုင်မြို့နယ်တွင် ယနေ့နံနက် ၆ နာရီအချိန်မှ စတင်၍ မဲရုံအသီးသီတွင် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလွတ်လပ်စွာဆန္ဒမဲများပေးလျက်ရှိသည်။
ဆီဆိုင်မြို့နယ်တွင် မဲရုံပေါင်း ၉၅ ရုံဖွင့်လှစ်၍ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလွတ်လပ်စွာဆန္ဒမဲပေးနိုင်ရန် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာများမှ တာဝန်ရှိသူတို့က ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ရေသန့်၊ အချိုရည်၊ ပေါင်မုန့်တို့ကိုလည်း ဝေငှပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)