မိုးကောင်း ဇန်နဝါရီ ၁၁
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ပါဝင်သည့် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မဲရုံများတွင် ဇန်နဝါရီလ(၁၁)နံနက် (၆)နာရီမှစတင်ကာ မဲဆန္ဒရှင်ပြည်သူများမှ စိတ်ပါဝင်စားစွာ ဆန္ဒမဲလာရောက်ပေးလျက်ရှိကြောင်း သိရသည်။
ဦးစွာ မဲရုံမဖွင့်လှစ်မီ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်တို့က အီလက်ထရောနစ် မဲပေးစက်(MEVM)များအား ပါတီကိုယ်စားလှယ်များ၊ လေ့လာစောင့်ကြည့်သူများ၏ရှေ့တွင် မဲပေးစက်များစစ်ဆေးခြင်း၊ မဲပေးစက်များစမ်းသပ်ခြင်းနှင့် မဲပေးစက်လုံခြုံရေးကြိုးတပ်ဆင်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး နံနက်(၆)နာရီတိတိတွင် မဲရုံမှူးမှ မဲရုံစတင်ဖွင့်လှစ်ကြောင်း ကြေညာသည်။
ထို့နောက် ဆန္ဒမဲပေးရန် ကြိုတင်စောင့်နေကြသော မဲဆန္ဒရှင်ပြည်သူများက စိတ်အားထက်သန်စွာဖြင့် ဆန္ဒမဲများပေးခဲ့ကြကြောင်း သိရသည်။
၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)တွင် ပါဝင်သည့် မိုးကောင်းမြို့နယ် အတွင်းရှိ ရွေးကောက်ပွဲကျင်းပသည့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုပေါင်း (၄၄)အုပ်စုရှိ မဲရုံစုစုပေါင်း (၆၈)ရုံ ရှိကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)