မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ တံတားဦးမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေးနေသူများအား ကြည့်ရှု

တံတားဦး ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ တံတားဦးမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေ‌ထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၆ နာရီမှစတင်ကာ ကျင်းပလျက်ရှိကြရာ တံတားဦးမြို့နယ်အတွင်းရှိ မဲရုံအသီးသီးတွင် ဆန္ဒမဲလာရောက်ပေးနေမှုအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါဆန္ဒမဲနေမှုအားကြည့်ရှုစစ်ဆေးရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်တာဝန်ရှိသူများက တံတားဦးမြို့ အမှတ်(၁)ရပ်ကွက်၊ မဲရုံအမှတ်(၄)ကိုလည်းကောင်း၊ အမှတ်(၂)ရပ်ကွက်ရှိ၊ မဲရုံအမှတ်(၁)ကိုလည်းကောင်း၊ အမှတ်(၃)ရပ်ကွက်ရှိ မဲရုံအမှတ်(၁)တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး  မဲဆန္ဒရှင်ပြည်သူများအား စိတ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေး တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များက လုပ်ငန်းများဆောင်ရွက်ထားရှိမှုကိုတင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များကိုပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)