ပန်းတနော်မြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိ

ပန်းတနော် ဇန်နဝါရီ ၁၁

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်‌ ယ‌နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ စတင်ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ ပြည်သူများ အေးချမ်းစွာဖြင့် ဆန္ဒမဲလာရောက်ပေးလျှက်ရှိကြောင်း သိရသည်။

မဲရုံမဖွင့်လှစ်မီ နံနက် ၅ နာရီမှ စတင်၍ မဲရုံအသီးသီးတွင် စမ်းသပ်မဲပေးခြင်း၊ စမ်းသပ်မဲရလဒ်များ စစ်ဆေးခြင်း၊ Clear Print ထုတ်ယူခြင်း၊ မဲပေးပြီးအမှတ်အသားများ မဲပေးချက်ဖော်ပြစက်တွင် မရှိကြောင်း မဲရုံကိုယ်စားလှယ် များအား ပြသခြင်းနှင့် လုံခြုံရေးကြိုး စနစ်တကျတပ်ဆင်ခြင်းတို့ကို ဆောင်ရွက် ခဲ့ပြီး၊ နံနက် ၆ နာရီ အချိန်တွင် မဲရုံစတင်ဖွင့်လှစ်ကြောင်း မဲရုံမှူးများမှ ကြေငြာခဲ့သည်။

ပန်းတနော်မြို့နယ်တွင် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ(၇)ခု ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၆)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်(၆)ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်(၄)ဦးနှင့် ရခိုင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်(၅)ဦးတို့ အသီးသီးဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း သိရသည်။

 မဲရုံဖွင့်လှစ်ချိန်မှ စတင်ကာ မဲရုံအသီးသီး၌ ပြည်သူများ လာရောက်ဆန္ဒမဲပေးလျှက်ရှိပြီး၊ စိတ်အေးချမ်းစွာမဲပေးနိုင်ရေးအတွက် အတွင်းအပြင် လုံခြုံရေးဆောင်ရွက်‌ပေးခြင်း နှင့်မဲရုံတာဝန်ရှိသူ များကကူညီခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးလျှက်ရှိပြီး ပန်းတနော်မြို့နယ်အတွင်း ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၂ အုပ်စုတွင် မဲရုံ (၂၁၆)ရုံ၊ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူဦးရေ (၁၇၈၃၆၅)ဦးကရင်လူမျိုး မဲရုံအရေအတွက်(၂၁၆)ရုံ၊ မဲပေးပိုင်ခွင့်ရှိသူဦးရေ (၈၉၈၆၈)ဦး၊ ရခိုင်လူမျိုး မဲရုံအရေအတွက်(၄၀)ရုံ၊ မဲပေးပိုင်ခွင့်ရှိသူဦးရေ (၂၂၂) ဦးရှိပြီး အေးချမ်းစွာဖြင့် ပြည်သူများ ဆန္ဒမဲပေးလျက်ရှိကြောင်းသိရသည်။

 မြို့နယ်(ပြန်/ဆက်)