မဟာအောင်မြေ ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂ဝ၂၅ခု၂ဝ၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခြင်းကို ယနေ့နံနက် ၆ နာရီအချိန်က သက်ဆိုင်ရာမဲရုံအသီးသီးတွင် ပြုလုပ်ရာ မဲဆန္ဒရှင်ပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်ဆန္ဒမဲပေးကြကြောင်း သိရသည်။
ထိုကဲ့သို့ ဆန္ဒမဲပေးလျက်ရှိရာတွင် သက်ဆိုင်ရာမဲရုံများ၌ တာဝန်ထမ်းဆောင်နေသူများက ပြည်သူများအနေဖြင့် လွယ်ကူလျှင်မြန်စွာဆန္ဒမဲပေးနိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း၊ အသက်ကြီးသူများအား မဲရုံအတွင်းသွားလာနိုင်ရေး ကူညီဆောင်ရွက်ပေးခြင်းတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်လျက်ရှိကြသည်။
မဟာအောင်မြေမြို့နယ်တွင် ရပ်ကွက်ပေါင်း ၁၈ ရပ်ကွက် မဲရုံပေါင်း ၇၀ ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား ၆၀၁၆၀ ဦး၊ မ ၇၀၄၃၈ ဦး စုစုပေါင်း ၁၃၀၅၉၈ ဦးရှိပြီး ပြည်သူများဆန္ဒမဲပေးရာသို့ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း