အမာ ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက် (၆)နာရီအချိန်မှ စတင်ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများကမဲရုံ အသီးသီးတွင် အေးချမ်းစွာဖြင့် ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကျင်းပရာ၌ အမာမြို့ပေါ်ရပ်ကွက်များရှိ မဲရုံအသီးသီး၌ မဲရုံမှူးများက နံနက်(၆) နာရီအချိန်မှ စတင်ကာ မဲရုံများဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံပြည်သူများက မဲရုံများစတင်ဖွင့်လှစ်သည့် အချိန်မှစ၍ အေးချမ်းစွာဖြင့် ရွေးကောက်ပွဲစည်းမျဥ်းဥပဒေများအတိုင်း လိုက်နာကာ ဆန္ဒမဲများပေးခဲ့ကြသည်။ အဆိုပါဆန္ဒမဲရလဒ်များအား ဖျာပုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးကြပ်၍ အမာမြို့ပေါ်ရပ်ကွက်များမှ ဆန္ဒမဲရလဒ်များနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံမှ ဆန္ဒမဲရလဒ်များ စုပေါင်းကာ မဲစာရင်းရလဒ်များကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။
အမာမြို့တွင် ရပ်ကွက် (၄) ရပ်ကွက်၊ မဲရုံ(၄)ရုံမှ မဲဆန္ဒရှင်ပြည်သူ (၂၁၉၄)ဦးရှိကြောင်းနှင့် ပြည်သူများကအေးချမ်းတည်ငြိမ်စွာဖြင့် ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။
အမာ(ပြန်/ဆက်)