ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပနေသည့် ကျောက်ပန်းတောင်းမြို့နယ်၌ ပြည်သူများ ဆန္ဒမဲပေးလျက်ရှိ

ကျောက်ပန်းတောင်း ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက် ၆ နာရီကမှ စတင်၍ ကျင်းပပြုလုပ်လျက်ရှိရာ၊ ရပ်ကွက်/ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆန္ဒမဲပေးလျက်ရှိသည်။

ထိုသို့ ဆန္ဒမဲပေးကြရာတွင် ကျောက်ပန်းတောင်းမြို့ပေါ် ၁၂ ရပ်ကွက်ရှိ မဲရုံ ၂၈ ရုံနှင့် ကျေးရွာအုပ်စုအသီးသီးရှိ မဲရုံ ၁၇၂ ရုံ စုစုပေါင်း ၂၀၀ ရုံတို့၌ မဲဆန္ဒရှင်ပြည်သူများက နိုင်ငံသားတာဝန် ကျေပွန်စေရေးနှင့် နိုင်ငံသားအခွင့်အရေး အဆုံးရှုံးစေရေးတို့အတွက် မိမိတို့သက်ဆိုင်ရာ မဲရုံများတွင် ဆန္ဒမဲများလာရောက်ပေးလျက်ရှိကြရာ၊ ပြည်သူများ လျင်မြန်လွယ်ကူစွာ ဆန္ဒမဲပေးနိုင်စေရေးအတွက် မဲရုံအတွင်း တာဝန်ထမ်းဆောင်လျက်ရှိကြသည့် မဲရုံမှူး/ဒုတိယမဲရုံမှူးနှင့် အဖွဲ့ဝင်များ၊ အတွင်းစည်း၊ အပြင်စည်း လုံခြုံရေးအဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အုပ်ချုပ်/ထောက်ပံ့ ကိစ္စ ရပ်များကို ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့များ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိဌာနဆိုင်ရာများက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)