ကန်ကြီးထောင့် ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂)အား ယနေ့ နံနက်ပိုင်းမှစတင်၍ကျင်းပရာ မြို့နယ်အတွင်းရှိ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများမှ စိတ်အေးချမ်း ပျော်ရွင်စွာဖြင့် လာရောက်၍ဆန္ဒမဲများ ပေးလျှက်ရှိကြသည်။
ထိုသို့ မဲဆန္ဒရှင်ပြည်သူများမှ ဆန္ဒမဲများ လာရောက်ပေးနေမှုအား ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးရည်မွန်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ကန်ကြီးထောင့်မြို့နယ်၊ တကုန်ကြီးအုပ်စု အထက-တကုန်းကြီးမဲရုံ၊ ခုံဇင်ကုန်းအုပ်စု၊ ကံကုန်းမဲရုံ၊ အပင်နှစ်ဆယ်အုပ်စု၊ အပင်နှစ်ဆယ်မဲရုံများရှိ မဲဆန္ဒရှင် ပြည်သူများမှ စိတ်အေးချမ်း ပျော်ရွင်စွာဖြင့် လာရောက်၍ဆန္ဒမဲများ ပေးနေမှုအခြေ အနေများ၊ ဆန္ဒမဲပေးရာတွင် စနစ်တကျ တန်းစီ၍ မဲပေးနေမှုခြေအနေများ၊ မဲရုံအတွင်း/အပြင်လုံခြုံ ရေးထားရှိမှုအခြေအနေ များအားကြည့်ရှုခဲ့ကြပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရ သည်။
ကျော်ဇင်စိုး (ပြန်/ဆက်)